-->

Friday, March 27, 2009

ဥရှိခုဘုရားကြီး

ဥရှိခုဘုရားကြီးက ကမ္ဘာမှာ အမြင့်ဆုံးဘုရားကြီးပါ။ ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ခြင်းခံထားရပါတယ်။ဘုရားကြီးကို အဝေးကနေ လှမ်းရိုက်လိုက်တော့ ဒီလိုမြင်ရပါတယ်။ ကောင်းကင်ပေါ်က ကြွလာသလိုမျိုး ထင်မိပါတယ်။
ဘုရားကြီးဆီရောက်ဖို့ ဒီလိုလမ်းကို ဖြတ်ခဲ့ရတာပေါ့။

အနီးကပ်လာလေလေ ပိုမိုပီပြင်လာလေပါပဲ။

အနီးကပ် ဖူးမြော်ကြည့်လိုက်တော့ သပ္ပာယ်လိုက်တာ..............
ရင်ပတ်တော်မှာ အပေါက်သုံးပေါက်ရှိတာ သတိထားမိကြပါသလား။ အဲဒါ ပြတင်းပေါက်ရှင့်။
တကယ်တော့ ဘုရားကြီးရဲ့ ကိုယ်တော်ထဲကို ဝင်လို့ရပါတယ်။အရင်ဆုံး စက်လှေကားအကျယ်ကြီးနဲ့ တက်ပြီး သွားရပါတယ်။ ပြီးရင် အထပ်တွေရှိပါတယ်။ တစ်ထပ်ချင်း တက်ကြည့်လို့ ရပါတယ်။ အပေါ်ဆုံးအထပ်က အခုနက အပေါက်သုံးပေါက်အဖြစ်မြင်ရတဲ့ အထပ်ပါ။ ဘုရားကြီးရဲ့ ရင်ပတ်တော်ရှိတဲ့နေရာပေါ့။အဲဒီ ပြတင်းပေါက်မှ မြင်ရတဲ့မြင်ကွင်းပါ။
မြန်မာလူမျိုး ပူဇော်ကိုးကွယ်ထားတဲ့ မြန်မာဘုရားတစ်ဆူလည်း ဖူးမြော်ခဲ့ပါသေးတယ်။

ဘုရားကြီးရဲ့ ညာဘက်ခြေမတော် ပုံပွါးပါ။

ဒါကတော့ ဦးခေါင်းတော်ပါ။ တစ်ကယ့်ဘုရားကြီးရဲ့ တစ်ထောင်ပုံပုံ တစ်ပုံပါ။
ဘုရားကြီးရဲ့အမြင့်ကို ဒီလိုတိုင်းတာပြထားပါတယ်။


ဂင်းနစ်မှတ်တမ်းလွှာ
ဘုရားကြီးကို အလွယ်တကူ တည်ထားကိုးကွယ်ခဲ့ရတာမဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ တည်ထားခဲ့ရတာပါ။
စကားချပ်၊ ရာသီဥတုသိပ်မကောင်းတဲ့နေ့သွားခဲ့မိလို့ နည်းနည်းဝါးနေပါတယ်။

0 ဝေဖန်ပြောကြားခဲ့ပါသည်။:

 

Design By:
SkinCorner