-->

Saturday, June 20, 2009

ဥပတ္တသန္တိစေတီတော်

ဥပတ္တသန္တိစေတီတော်





မြန်မာနိုင်ငံရောက်တာ ဆယ်ရက်ကျော်ပြီ။ ပို့စ်ရေးချင်တာ အရမ်းပဲ။ ဒါပေမယ့် အများသိတော်မူတဲ့အတိုင်းပဲ။ ဟိ ဟိ။ အခုရေးလို့ရတုန်း ဘုရားပုံကို တင်ပေးလိုက်ပါတယ်။မြန်မာနိုင်ငံပြန်ရောက်ခြင်းအထိမ်းအမှတ်မှာ ဓမ္မဒါနပြုချင်လို့ပါ။ဥပ္ပါတသန္တိစေတီတော်ကြီးတဲ့။ နေပြည်တော်မှာရှိတဲ့ ရွှေတိဂုံစေတီတော်ပုံတူပါ။ နေပြည်တော်ရောက်တုန်း ရိုက်ခဲ့တာပါ။ သပ္ပာယ်ပါတယ်။ ကုန်းမြင့်မှာ တည်ရှိလို့ နေရာအနှံ့ကနေမြင်တွေ့ရပါတယ်။ အဝေးကကြည့်ရင်လည်း တစ်မျိုးကြည်ညိုစရာကောင်းပါတယ်။
(နေပြည်တော်ရောက်တုန်း ရေပန်းဥယျာဉ်လည်း ရောက်ခဲ့ပါသေးတယ်။ ကွန်အခြေအနေကြောင့် အဆင်ပြေမှ တင်ပေးလိုက်ပါ့မယ်နော်။)ဘလော့ကို သံယောဇဉ်မဖြတ်သေးပါဘူး။ ဘလော့က မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း လွမ်းနေပါတယ်။ အိမ်ပေါက်စေ့လိုက်လည်ချင်ပေမယ့် ကျမ မကျော်တတ်လို့ လည်လို့မရဘူးဖြစ်နေတယ်။ ကျော်နည်းသင်ပြီးမှ အားလုံးဆီ လာလည်ပါဦးမယ်။ အရမ်းသတိရတယ် ဘလော့လောကကြီးကို။အကြောင်းအရာတွေက ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ ပြောချင်တာတွေ များသွားလို့ အကုန်အစုံ ရေးလိုက်ပါတယ်ရှင့်။
http://2.bp.blogspot.com/_TAfi2Y9dALk/Sjx1RxP4wfI/AAAAAAAABLU/FiSv4t4PTkg/s1600-h/123.jpg">http://2.bp.blogspot.com/_TAfi2Y9dALk/Sjx1RxP4wfI/AAAAAAAABLU/FiSv4t4PTkg/s320/123.jpg" border="0" alt="" id="BLOGGER_PHOTO_ID_5349279405547504114" />

Sunday, April 19, 2009

ကောသလအိပ်မက် (၁၆) ချက်

ကောသလအိပ်မက် (၁၆)ချက်

အမေး ၁။
နွားနက် လေးကောင်ဟာ ဝှေ့မယ်ဟန်ပြင်ပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကို ရောက်လာတယ်။ နွားဝှေ့တာကြည့်မယ်ဆိုပြီး လူတွေလာတော့ နွားတွေက ဝှေ့မယ် ဟန်ပြပြီး မဝှေ့ဘဲ အော်ဟစ်ကြုံးဝါးကာ ပြန်ထွက်သွား ကြတယ်။
အဖြေ ၁။
နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ လောက ပြောင်းပြန်ဖြစ်တဲ့အခါမှာ ကုသိုလ်နည်းပြီး အကုသိုလ်များလာတဲ့အခါမှာ လောကပျက်စီး ဆုတ်ယုတ်လာတဲ့အခါမှာ မိုးကောင်းကောင်း မရွာဘဲဖြစ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။ အစား အစာရှားပါးလိမ့်မယ်။ မိုးက ရွာမလိုလိုနဲ့ အရပ်လေးမျက်နှာကနေ အုံ့ဆိုင်းလာလိမ့်မယ်။ အဲဒီအခါ လူတွေအားလုံးက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ အစွမ်းကုန် ပြင်ဆင်ပါလိမ့်မယ်။ ဒါပေမယ့် မိုးက ခြိမ်းရုံ ခြိမ်းပြီ မရွာဘဲ သွားလိမ့်မယ်။


အမေး ၂။ သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြတယ်။ အဖြေ ၂ ။
နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်။

အမေး ၃။
နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်။
အဖြေ ၃။
နောက်နောင် လူတွေဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်။

အမေး ၄။
အားကောင်းတဲ့နွားတွေကို လှည်းတပ်ပြီး ၀န်မသယ်ခိုင်းပဲ နွားငယ်လေးတွေကို လှည်းတပ်ပြီး ၀န်တွေ သယ်ခိုင်းနေတယ်။ နွားငယ်တွေကလည်း မရုန်းဘူး
အဖြေ ၄။
နောင်အခါ တရားမရှိတဲ့ မင်းတွေက ပညာတတ်အမတ်တွေကို ဘေးဖယ်ထားပြီး အလွန်ငယ်တဲ့သူတွေကိုသာ ချီးမြှောက်လိမ့်မယ်။ လူငယ်တွေကလည်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။

အမေး ၅။
မျက်နှာနှစ်ဖက်ပါတဲ့ မြင်းကို နှစ်ဖက်စလုံးက အစာကျွေးနေတယ်။ မြင်းကလည်း နှစ်ဖက်လုံးက အစာကို စားတယ်။
အဖြေ ၅။
နောင်အခါ တရားမရှိတဲ့ မင်းမိုက်တွေ အုပ်ချုပ်တဲ့အခါ တရားကို သူတို့အလိုအတိုင်းပြုမူလိမ့်မယ်။ တရားတဘောင်ကို လာဘ်နှစ်ဖက်စားပြီး ဆုံးဖြတ်လိမ့်မယ်။

အမေး ၆။
လူတွေက တစ်သိန်းတန်ရွှေခွက်ကို သန့်နေအောင်လုပ်ပြီး မျောက်ကို ကျင်ငယ်စွန့် (သေးပေါက်) ထည့်ခိုင်းတယ်။
အဖြေ ၆။
နောင်အခါ အမျိုးယုတ်တဲ့မင်းတွေက အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ ချမ်းသာကြွယ်ဝသူများက မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး မတန်တဆလာဘ်လာဘတွေ ထိုးသိပ်ရမယ်။

အမေး ၇။
လူတစ်ယောက်ကကွပ်ပျစ်မှာနေပြီး ကြိုးကျစ်နေတယ်။ ကြိုးအဆုံးပိုင်းကို အောက်ချတဲ့အခါ အောက်က ခွေးက သူ့ကြိုးကို စားနေတယ်။
အဖြေ ၇။
နောင်အခါ ယောကျာ်းတွေက ပင်ပင်ပန်းပန်းရှာထားတာတွေကို မိန်းမတွေက အဆင်တန်ဆာ ၀တ်ဆင်ဖို့ ကြွားဝါဖို့ လောလည်ဖို့အတွက် အသုံးပြုလိမ့်မယ်။ အလုပ်လုပ်တဲ့ ယောကျာ်းရဲ့ နောက်ကွယ်မှာ လင်ငယ်နဲ့ ဖောက်ပြားလိမ့်မယ်။ လင်ကြီးရှာသမျှ လင်ငယ်အတွက် ဖြစ်လိမ့်မယ်။

အမေး ၈။
မင်းရင်ပြင်မှာ ရေမရှိတဲ့အိုးတွေ အများကြီးရံထားတဲ့ ရေပြည့်အိုး တစ်အိုးရှိတယ်။ လူတွေက ရေပြည့်အိုးထဲကိုပဲ ရေထပ်လောင်းထည့်နေကြတယ်။
အဖြေ ၈။
နောင်အခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေဟာ ဆင်းရဲလိမ့်မယ်။ အဲဒီအခါ တိုင်းသူပြည်သားတွေကို နှိပ်စက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခိုင်းလိမ့်မယ်။

အမေး ၉။
ရေကန်တစ်ကန်ရှိတယ်။ လေးဘက်လေးတန်က သတ္တ၀ါတွေ အကုန်လုံး ရေလာသောက်ပေမယ့် ရေက မနောက်ဘူး
အဖြေ ၉။
နောင်အခါ မင်းတွေက တရားတဘောင်မရှိ အုပ်ချုပ်လိမ့်မယ်။ လာဘ်လာဘ စားမယ်။ အခွန်အတုတ်ကို မတရားကောက်ခံမယ်။ လူတွေကို နှိပ်စက်မယ်။ လူတွေကလည်း တရားမရှိဖြစ်လာတယ်။ လူတွေက နယ်စွန်နယ်ဖျားတွေမှာ ပိုပြီးသွားရောက်ထိုင်လိမ့်မယ်။

အမေး ၁၀။
ထမင်းအိုးက မာတစ်ဝက်။ တူးတစ်ဝက် ။ မနပ်တစ်ဝက်ဖြစ်နေတယ်။
အဖြေ ၁၀။
နောင်အခါ တရားမရှိတဲ့ မင်းတွေ အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ လက်အောက်ငယ်သား တွေကလည်း တရားမရှိ ဖြစ်လာမယ်။ အဲဒီကစလို့ လူတွေကလည်း တရားမဲ့လိမ့်မယ်။ အဲဒါကြောင့် မိုးကလည်း ရွာချင်တဲ့နေရာရွာ မရွာချင်တဲ့ နေရာ မရွာ ကြီးချင်တဲ့နေရာ ကြီးလိမ့်မယ်။

အမေး ၁၁။
တစ်သိန်းတန် စန္ဒကူး အနှစ်ကို သေရည်နဲ့ လဲသောက်တယ်။
အဖြေ ၁၁။
နောင်အခါ ရဟန်းတွေဟာ တရားတော်ကို ငွေကြေးဖြတ်ပြီး ဟောကြားလိမ့်မယ်။

အမေး ၁၂။
ဘူးခွံတွေက ရေထဲမြုပ်ကုန်တယ်။
အဖြေ ၁၂။
အမျိုးညံ့တဲ့သူတွေ အရှက်မရှိသူတွေ ကြီးပွားချမ်းသာလာလိမ့်မယ်။ နေရာကောင်းတွေမှာ အမျိုးညံ့သူတွေက အုပ်ချုပ်လိမ့်မယ်။ သီလမရှိသူတွေ ကျော်ကြားလိမ့်မယ်။

အမေး ၁၃။
ကျောက်ဖျာတွေက ရေပေါ်ပေါလောသွားနေတယ်။
အဖြေ ၁၃။
အမျိုးကောင်းသားတွေ ပညာတတ်တွေ အရာမရောက်ဖြစ်လိမ့်မယ်။ သီလစင်ကြယ်သူတွေ နာမည်ပျက်လိမ့်မယ်။

အမေး ၁၄။
အလွန်ငယ်တဲ့ ဖားမတွေက အလွန်ကြီးတဲ့ မြွေဟောက်တွေကို စားသောက် ၀ါးမျိုနေတယ်။
အဖြေ ၁၄။
အလွန်ကြီးတဲ့ ယောကျာ်းတွေက ရာဂအလိုကိုလိုက်ပြီး အလွန်ငယ်တဲ့ မိန်းမကိုယူမိလို့ ဒုက္ခရောက်လိမ့်မယ်။

အမေး ၁၅။
ကျီးတွေကို ရွှေဟင်္သာတွေကို ၀ိုင်းရံခစားနေတယ်
အဖြေ ၁၅။
နောင်အခါ တိုင်းပြည်အုပ်ချုပ်သူဟာ စစ်ပညာမကျွမ်းကျင်လို့ စည်းစိမ်ပျက်စီးမှာ ကြောက်ပြီး လူမိုက်တွေ မွေးရလိမ့်မယ်။ ပြီးတော့ လူမိုက်ကို ဆရာတင်ထားရလိမ့်မယ်။

အမေး ၁၆။
သိုးတွေက ကျားသစ်ကို ကျွတ်ကျွတ်မြည်အောင်ဝါးနေတယ်။ ၀ံပုလွေတွေက အဝေးကနေ သိုးကို ကြောက်လန့်နေရတယ်။
အဖြေ ၁၆။
နောင်အခါ အမျိုးညံ့တဲ့သူ လူမိုက်တွေက တိုင်းနိုင်ငံကို အုပ်ချုပ်လိမ့်မယ်။ သူတို့ လိုချင်တာကို သူတို့ဟာဆိုပြီ မတရား ဆွဲငင်ယူလိမ့်မယ်။



စာကို http://jjqqyy.mmgenius.com/archives/109/comment-page-1#comment-15 မှ ကူးယူတင်ပြထားပါသည်။

ပုံကိုhttp://lyricswithoutmelody.blogspot.com/2009/01/blog-post_11.html မှ ကူးယူတင်ပြထားပါသည်။

Friday, March 27, 2009

ဥရှိခုဘုရားကြီး

ဥရှိခုဘုရားကြီးက ကမ္ဘာမှာ အမြင့်ဆုံးဘုရားကြီးပါ။ ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ခြင်းခံထားရပါတယ်။ဘုရားကြီးကို အဝေးကနေ လှမ်းရိုက်လိုက်တော့ ဒီလိုမြင်ရပါတယ်။ ကောင်းကင်ပေါ်က ကြွလာသလိုမျိုး ထင်မိပါတယ်။
ဘုရားကြီးဆီရောက်ဖို့ ဒီလိုလမ်းကို ဖြတ်ခဲ့ရတာပေါ့။

အနီးကပ်လာလေလေ ပိုမိုပီပြင်လာလေပါပဲ။

အနီးကပ် ဖူးမြော်ကြည့်လိုက်တော့ သပ္ပာယ်လိုက်တာ..............
ရင်ပတ်တော်မှာ အပေါက်သုံးပေါက်ရှိတာ သတိထားမိကြပါသလား။ အဲဒါ ပြတင်းပေါက်ရှင့်။
တကယ်တော့ ဘုရားကြီးရဲ့ ကိုယ်တော်ထဲကို ဝင်လို့ရပါတယ်။အရင်ဆုံး စက်လှေကားအကျယ်ကြီးနဲ့ တက်ပြီး သွားရပါတယ်။ ပြီးရင် အထပ်တွေရှိပါတယ်။ တစ်ထပ်ချင်း တက်ကြည့်လို့ ရပါတယ်။ အပေါ်ဆုံးအထပ်က အခုနက အပေါက်သုံးပေါက်အဖြစ်မြင်ရတဲ့ အထပ်ပါ။ ဘုရားကြီးရဲ့ ရင်ပတ်တော်ရှိတဲ့နေရာပေါ့။အဲဒီ ပြတင်းပေါက်မှ မြင်ရတဲ့မြင်ကွင်းပါ။
မြန်မာလူမျိုး ပူဇော်ကိုးကွယ်ထားတဲ့ မြန်မာဘုရားတစ်ဆူလည်း ဖူးမြော်ခဲ့ပါသေးတယ်။

ဘုရားကြီးရဲ့ ညာဘက်ခြေမတော် ပုံပွါးပါ။

ဒါကတော့ ဦးခေါင်းတော်ပါ။ တစ်ကယ့်ဘုရားကြီးရဲ့ တစ်ထောင်ပုံပုံ တစ်ပုံပါ။
ဘုရားကြီးရဲ့အမြင့်ကို ဒီလိုတိုင်းတာပြထားပါတယ်။


ဂင်းနစ်မှတ်တမ်းလွှာ
ဘုရားကြီးကို အလွယ်တကူ တည်ထားကိုးကွယ်ခဲ့ရတာမဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ တည်ထားခဲ့ရတာပါ။
စကားချပ်၊ ရာသီဥတုသိပ်မကောင်းတဲ့နေ့သွားခဲ့မိလို့ နည်းနည်းဝါးနေပါတယ်။

Tuesday, January 20, 2009

TOKYO DAIBUTSU

Saturday, December 6, 2008

ကမာကူရဘုရား(鎌倉大仏)

မွေးနေ့တုန်းက ကမာကူရဘုရားသွားခဲ့ပါတယ်။ ဘုရားသမိုင်းကို ပြည့်စုံစွာရေးထားတဲ့ လူတွေအများကြီးရှိလို့ အထူးအထွေ မရေးတော့ဘူးနော်။ကိုယ်တိုင် ရိုက်ခဲ့တာပါ။ ဘလော့မှာ တင်ချင်တဲ့လူများရှိခဲ့ပါရင် ဓမ္မဒါန ပြုပါတယ်။

ရှုထောင့်အမျိုးမျိုးကနေ ရိုက်ခဲ့တာကို တင်ပြပေးလိုက်ပါတယ်။ 





ဘုရားကြီးရဲ့ ကျောတော်

ဘုရားကြီးရဲ့ ဖိနပ်တော်

Friday, October 24, 2008

ကာမေသုမိစ္ဆာစာရ

ကာမေသု- ကာမဂုဏ်ကို၊ မိစ္ဆာ- မှားယွင်းစွာ၊ အာစာရ- ကျူးလွန် ခြင်းဟူ၍ အနက် အဓိပ္ပာယ်ရတာဖြစ်ခြင်းကြောင့် သူတစ်ပါးမယား ပြစ်မှားစော်ကားမိခြင်းလောက်ဖြင့် မှတ်ယူ မထားသင့်ပေ။ “နှမချင်း စာနာထောက်ထားပါ” ဟူသော မြန်မာတို့၏ ယဉ်ကျေးမှု စကားဖြင့် ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည်မဟုတ်ပါ။ ကာမေသုမိစ္ဆာစာရ ဟူသောအမှုကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ သည်ပင်လျှင် အချို့သောသူတို့ ရှင်းလင်းစွာ နားမလည်ကြပေ။ အနောက်တိုင်းသားတို့အနေဖြင့်မူ နားလည်ဘို့ ပို၍ပင်ဝေးကွာ လှပေသည်။ ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်းဟူသောအမှုကို ရှင်းလင်းစွာ နားလည်ထားဘို့ လိုအပ်၏။ ထို့ကြောင့် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမတို့အတွက် ကျွန်ုပ်ဖတ်မှတ်ခဲ့သော တရားစာ အုပ်တို့မှ ဖော်ပြလိုက်ခြင်းဖြစ်၏။ ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ ဟု သီလဆောက် တည်ထားသူအမျိုးကောင်းသားသည် မိမိ၏သီလ မကျိုးမပေါက်စေရန် အောက်ပါ အာဂမနီယ၀တ္ထု မသွားမလာ အပ်သော မိန်းမ(၂၀)ကို ရှောင်ကြဉ်ရပါမယ်။ (၁) မာတုရက္ခိတ - မိခင် စောင့်ထိန်းသော မိန်းမ၊ (၂) ပိတုရက္ခိတ - ဖခင် စောင့်ထိန်းသော မိန်းမ၊ (၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊ (၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊ (၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊ (၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊ (၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊ (၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊ (၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိန်ဆည်းခံရသော မိန်းမ၊ (၁၀) သပရိဒဏ္ဍ - ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်း မိန့်ထုတ်ခံရသော မိန်းမ(တော်ကောက်ထားသည့် မိန်းမ)။ မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ မိန်းမရှစ်မျိုးတို့ကို မိဘစသူတို့က စောင့်ထိန်းသည် ဆိုရာ၌ မိဘစသူတို့သည် ထိုမိန်းမတို့၏ အထိအ တွေ့(ဖဿ)ကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့် ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ် မာသောအကျင့်နှင့် ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှုကိုသာ တားမြစ်စောင့်ရှောက်နိုင်ကြသည်။ ထို့ကြောင့် ထို မိန်းမရှစ်မျိုးတို့မှာ ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ မ ထိုက်၊ အဘယ့်ကြောင့်ဆိုသော် ကာမပိုင်လင်မရှိသောကြောင့် တည်း။ သာရက္ခ၊ သပရိဒဏ္ဍမိန်းမနှစ်မျိုးတို့မှာ ရည်စူးသတ် မှတ် ထားသူရှိခြင်းကြောင့် ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာ စာရကံထိုက်၏။ (၁၁) ဓနက္ကီတ - ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊ (၁၂) ဆန္ဒ၀ါသိနီ - အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊ (၁၃) ဘောဂ၀ါသိနီ - ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊ (၁၄) ပဋ၀ါသိနီ - အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊ (၁၅) သြဒပတ္တကိနီ - ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်း သင်းသော မန်းမ ၊ (၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီး အား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကိုချစေ ၍ ပေါင်းသင်းသောမိန်းမ၊ (၁၇) ဒါသီ - ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊ (၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ် သော မိန်းမ၊ (၁၉) ဓဇာဟဋာ - သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ပေါင်း သင်းသော မိန်းမ၊ (၂၀) မုဟုတ္တိကာ - ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။ အထက်ပါ မိန်းမ (၂၀) တို့တွင် နံပါတ် (၉) သာရက္ခမှ နံပါတ် (၂၀) မုဟုတ္တိကာ အထိ မိန်းမ (၁၂) မျိုးတို့သည် ပိုင်ဆိုင်သူရှိသော ကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြားယောက်ျားများနှင့် သော်လည်းကောင်း၊ တိရစ္ဆာန်အထီးများနှင့် သော်လည်းကောင်း ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်၏။ အဘယ် ကြောင့်ဆိုသော် လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့စေသောကြောင့်ဖြစ်သည်။ ယောက်ျားများ မှာမူ မိန်းမ (၂၀) အနက် တစ်ယောက်ယောက်နှင့် ဖောက်ပြန် လျှင် ကာမေသုမိစ္ဆာရကံ ထိုက်၏။ ထို့ကြောင့် ရှေးဆရာကြီးများ က“မိန်းမ နှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟု ဆုံးမ ခဲ့ကြ၏။ ဤသိက္ခာပုဒ်၌လည်း သီလမရှိသူ၌ ကျူးလွန်လျှင် အပြစ်နည်း၏။ သီလရှိသူ၌ ကျူးလွန်လျှင် အပြစ်ကြီး၏။ သီလမရှိသူအပေါ်၌လည်း အနိုင်ကျင့် ကျူးလွန်လျှင် အပြစ်ကြီး၏။ နှစ်ယောက်အလိုဆန္ဒတူ၍ ကျူးလွန်လျှင် အပြစ်နည်း၏။ မှားယွင်းလိုသော စေတနာလည်း မရှိ အလိုလည်းမတူဘဲ အနိုင်အထက်ကျူးလွန်ခံရသူအား ကာမေသု မိစ္ဆာစာရမဖြစ်၊ ကျူးလွန်သူ၌သာဖြစ်၏။ အမှောင်ခန်းထဲ၌ အိပ်နေစဉ် မသူတော် လာရောက်နေထိုင်သည်ကို မိမိလင်မှတ်၍ သာယာသောမိန်းမအားလည်းကောင်း၊ မိမိ မယားနှင့် ယှဉ်အိပ်နေ သူ အမျိုးသမီးအား မိမိမယားမှတ်၍ မှားမိသောယောက်ျားအား လည်းကောင်း ကာမေသုမိစ္ဆာစာရကံ မထိုက်ပေ။ မဂ်နှင့်ပတ်သက်၍လည်း သိဘို့လိုအပ်၏။ မဂ္ဂ=မဂ်=လမ်းကြောင်း။ လူတို့ခန္ဓာကိုယ်တွင် ကာမကျူးလွန်၍ ဖောက်ပြန်နိုင်သောလမ်း ကြောင်းသုံးမျိုးရှိသည်။ ၎င်းတို့မှာ- (၁) ၀စ္စမဂ် - ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊ (၂) ပဿာဝမဂ် - ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊ (၃) မုခမဂ် - စကားပြောရာလမ်းကြောင်း၊ တို့ဖြစ်ကြသည်။ ယင်းတို့အနက် မိန်းမတို့၏ မဂ်သုံးမျိုး၌ ယောက်ျား ၏ ပဿာဝမဂ်ဖြင့် ကျူးလွန်သော်လည်းကောင်း၊ ယောက်ျားအချင်း ချင်းဝစ္စမဂ်၊ မုခမဂ်တို့၌ ကျူးလွန်သော်လည်းကောင်း ကာမေသုမိစ္ဆာ စာရကံ ထိုက်၏။ မိန်းမအချင်းချင်း၊ မဂ်တူအချင်းချင်း ထိတွေ့ဆက် စပ်လျှင်မူ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါ။ ကာမေသုမိစ္ဆာစာရကံ မြောက်စေသော အင်္ဂါလေးပါရှိ၏။ ၄င်းအင်္ဂါ များမှာလည်း ယောက်ျားများအတွက်သာရည်ရွယ်ပေသည်။ ထိုအင်္ဂါ (၄)ပါးတို့ကတော့- (၁) မသွားလာအပ်သော အဂမနီယ၀တ္ထု ဖြစ်ခြင်း၊ (၂) အဂမနီယ၀တ္ထု၌ မှိဝဲလိုစိတ်ရှိခြင်း၊ (၃) လုံ့လပြုခြင်း၊ (၄) သာယာခြင်း တို့ဖြစ်ကြ၏။ မိမိ၏ မယား၌ ကာမေသုမိစ္ဆာစာရကံ ထိုက်ခြင်း အင်္ဂါ (၄) ပါးလည်း ရှိသေး၏။ ၎င်းတို့မှာ- (၁) အကာလ - ရောဂါ ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ၊ (၂) အာဒေသေ - မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်နေရာ၊ (၃) အဓမ္မေန - ကျင့်ရိုးမဟုတ်ကျင့်ခြင်း၊ (၄) အနင်္ဂေန - ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါ ဟူ၍ ရှိကြလေ၏။ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခြင်းကြောင့်ရရှိသောအပြစ်(၁၁) ချက်ရှိပါသည်။ ၎င်းတို့ ကတော့- (၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါ များခြင်း၊ (၂) မုန်းရုံမက ရန်သူလည်း များခြင်း၊ (၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊ (၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊ (၅) မိန်းမ ဖြစ်ရခြင်း၊ (၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊ (၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊ (၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊ (၉) အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ယွင်းချို့ သေးသိမ်ခြင်း၊ (၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊ (၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။ လင်္ကာဖြင့်မှတ်ပါလေ- “မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါး လာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောက်ကအပြန် အကျိုးတည်း။” ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ကာမေသုမိစ္ဆာစာရကံ အားကြီးသော သူဌေးသားလေးယောက်တို့၏ “လောဟကုမ္ဘီ” ခေါ်သံရည်ပူငရဲမှ “ဒု၊ သ၊ န၊ သော” ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင်ကြား ဖူးကြ လေပြီ။ အထူး ဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း ၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ် သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်တမ်းဝင်တော့မည့် ဤကမ္ဘာမှာ ပင် တစ်ခုသောဘ၀၌ ရွှေပန်းတိမ်သည်သားဖြစ်၏။ ထိုဘ၀တုန်းက လူလေ၊ လူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာစာ ရအမှုကို ပြုလေ သည်။(လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။) ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကိုက်ဖောက်ခံရ၏။ ထို့နောက် တစ်ဘ၀၌ နွားဖြစ်၍ သင်းကွပ် (ဝှေးစေ့အထုတ်) ခံရ၏။ ထို့နောက် မိန်းမ မဟုတ်၊ ယောက်ျားမ ဟုတ်ပဏ္ဍုပ်ဖြစ်ရ၏။ ထို့နောက် (၅) ဘ၀မြောက်၌ အကုသိုလ်ကံ အခွင့်ရ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထိုကာမေသုမိစ္ဆာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀လုံး လုံး ဖြစ်ရသေး၏။ ထိုဘ၀တို့နောက်၌ လူ့ပြည်မှာ ဘုရင့်သမီးဖြစ်ရ ပြန်၏။ ထို ဘ၀နောက်မှ ယောက်ျားဘ၀ကိုရလေည်။ ဤသို့လျှင် ကာမေသုမိစ္ဆာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ၊ ဘ၀ များစွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သောစိတ်ဆိုး၊ ၀ါသနာဆိုးကြီးကို တရား ဖြင့် စောင့်ရှောက်ကြပါကုန်။ စာဖတ်သူတို့အားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ နှလုံးစိတ် ၀မ်းငြိမ်းချမ်းကြပါစေ။

ကိုအောင်ဦးဆီမှ ကူးယူဖော်ပြပါသည်။

Tuesday, October 14, 2008

သီတင်းကျွတ်လပြည့်နေ့


သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူသည့် နေ့ဖြစ်သဖြင့် “အဘိဓမ္မာအခါတော်နေ့”ဟု ခေါ်ဆိုကြပါသည်။ မိဘကျေးဇူးဆပ်သော ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရှိခိုးပူဇော်သောအနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားကျောင်းကန်များသို့ သွားရောက်ဖူးမြော်ခြင်းများ ပြုလုပ်ကြပါသည်။ မိဘကျေးဇူးဆပ်သော ဗုဒ္ဓမြတ်စွာဘုရားရှင်အား အားကျအတုယူကာ လူကြီးသူမ မိဘဘိုးဘွားများအား သွားရောက်ကန့်တော့လေ့ရှိသော အလေ့အထများလည်း ဖြစ်ပေါ်လာခဲ့ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် နာကြားယူနိုင်ရန် တရားတော်များကို မျှဝေလိုက်ပါတယ်။

အရှင်အာစာရာလင်္ကာရ (ကမ္ဘာကျော်)
{မှတ်ချက်၊ ဆရာတော်ဦးလောကနာထ၏ Blog မှတရားတော်များကို မျှဝေပါသည်။}

Sunday, September 28, 2008

ငဖြူလေးကျေးရွာမှ နှစ်ပေါင်းတစ်ရာကျော် ဆင်းတုတော်


Friday, September 26, 2008

ကျိုက်ထီးရိုးဘုရား


 

Design By:
SkinCorner