သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူသည့် နေ့ဖြစ်သဖြင့် “အဘိဓမ္မာအခါတော်နေ့”ဟု ခေါ်ဆိုကြပါသည်။ မိဘကျေးဇူးဆပ်သော ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရှိခိုးပူဇော်သောအနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားကျောင်းကန်များသို့ သွားရောက်ဖူးမြော်ခြင်းများ ပြုလုပ်ကြပါသည်။ မိဘကျေးဇူးဆပ်သော ဗုဒ္ဓမြတ်စွာဘုရားရှင်အား အားကျအတုယူကာ လူကြီးသူမ မိဘဘိုးဘွားများအား သွားရောက်ကန့်တော့လေ့ရှိသော အလေ့အထများလည်း ဖြစ်ပေါ်လာခဲ့ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် နာကြားယူနိုင်ရန် တရားတော်များကို မျှဝေလိုက်ပါတယ်။
အရှင်အာစာရာလင်္ကာရ (ကမ္ဘာကျော်)
{မှတ်ချက်၊ ဆရာတော်ဦးလောကနာထ၏ Blog မှတရားတော်များကို မျှဝေပါသည်။}